Dagon University
Dagon University  
  Home
  Academin Programs
  => ပုံမှန်နေ့သင်တန်းများ
  => CHRD
  => အဝေးသင်သင်တန်းများ
  Student Register
  Profile
  Photo Gallery
ပုံမှန်နေ့သင်တန်းများ

ပုံမှန်နေ့သင်တန်းများ

     ၁၉၉၃-၉၄ ကျောင်းဖွင့်စပညာသင်နှစ်တွင် ဘာသာရပ်ဌာန(၈)ခု၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၁၃၀၀) ခန့်ကို လက်ခံသင်ကြားပေးခဲ့ ပါသည်။  ၂၀၀၂-၂၀၀၃ ပညာသင်နှစ်အစ တွင် ကျောင်းသားဦးရေ (၁၅၀၀၀) ကျော်ကို လက်ခံ သင်ကြား ပေးခဲ့ပါသည်။ ၂၀၀၃-၂၀၀၄ ခု ပညာသင်နှစ်တွင် ကျောင်း သားဦးရေ (၂၁၄၆၃) ကို လက်ခံသင်ကြားပေးခဲ့ ပါသည်။ ၂၀၀၄-၂၀၀၅ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၂၂၅၉၁)ကိုလက်ခံသင်ကြားပေးခဲ့ ပါသည်။ ၂၀၀၅-၂၀၀၆ ခု ပညာ သင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေ (၂၄၃၁၄) ကို လက်ခံသင်ကြား ပေးလျက်ရှိပါသည်။

ပုံမှန်နေ့သင်တန်းများ၌သင်ကြားပို့ချပေးလျက်ရှိသောဘာသာရပ်များ

          အထူးပြုဘာသာရပ်ဌာန (၁၈) ခုရှိပြီး သင်ကြားပို့ချသော အထူးပြုဘာသာရပ်များ အနက် ၀ိဇ္ဇာဘာသာရပ်များအနေဖြင့် သင်ကြားပို့ချသောအထူးပြုဘာသာရပ်များမှာ – မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ မြန်မာမှုပညာ၊ ရသစာပေပညာ တို့ဖြစ်ပါသည်။ သိပံ္ပဘာသာရပ်များမှာ အင်ဂျင်နီ ယာဓာတုဗေဒ၊ ဓာတုဗေဒ၊  ရူပဗေဒ၊ အင်ဂျင်နီယာသင်္ချာ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ် ဓာတုဗေဒ၊ မိုးလေ၀သဗေဒ၊ ကွန်ပျူတာသိပံ္ပ၊ ဇီဝဓာတု၊ အဏုဇီဝ၊ စာရင်းအင်း၊ Environmental Studies, Biotechnology, English for Occupational Purpose, Southeast Asia and Pacific Studies တို့ဖြစ်ပါသည်။ စုစုပေါင်း အထူးပြုဘာသာရပ်နှင့် ပေါင်းစပ်ဘာသာရပ်(၃၁)ခုကို ဒဂုံတက္က္ကသိုလ်တွင် သင်ကြားလျက်ရှိပါသည်။
          ဖော်ပြပါဘာသာရပ် (၃၁)ခုအနက် မနုဿဗေဒ၊ အင်ဂျင်နီယာဓာတုဗေဒ၊ အင်ဂျင် နီယာသင်္ချာ၊ မိုးလေ၀သဗေဒ၊ ကွန်ပျူတာ သိပံ္ပ၊ ဇီဝဓာတု၊ အဏုဇီဝ၊ စာရင်းအင်း၊
Environmental Studies, Biotechnology, English for Occupational Purpose, Southeast Asia and Pacific Studies ဘာသာရပ်များသည်အခြား တက္ကသိုလ် များတွင် သင်ကြားပို့ချနိုင်ခြင်းမရှိသေးသည့် ဘာသာရပ်များ ဖြစ်ပါသည်။ စုစုပေါင်းပုံမှန်နေ့သင်တန်း ကျောင်းသားကျောင်းသူဦးရေမှာ (၂၄၃၁၄) ဦးဖြစ်ပါသည်။

Student Register  
 
Username:
Password:
 
Advertisement  
   
Our Vision
 
 

Our Vision


To create an education system

that can generate a learning

society capable of facing the

challenges of the Knowledge Age

 
=> Do you also want a homepage for free? Then click here! <=
Dagon University @Copyright 2008